Blogger Themes

News Update :

Moto GP News

Basketball News

Formula 1 News

ရောက်လာပါသည်...

တခါတခေါက်...

ပဒိုင်းပင်အောက်...

စားမိပါသည်...

ဘာရယ်မသိ...

ပဒိုင်းသီးဖြစ်၏...

မှားမှန်းသိတော့...

ငါရူးနေပြီး...

ကုရာနတ္ထိ...

ဆေးမရှိပြီး...

(အချစ်ဆိုတာပဒိုင်းသီးများလားဗျာ)

ပဒိုင်းသီးစားမိသူ...........နတ်ဆိုး

အကြင်နာမိုး
တိတ်တခိုးနဲ့
စွဲလန်းနေမယ်
နောင်ဘဝထိပေါ့
လွင်ပြင်ကန္တာ
ဒီရင်ခွင်မှာ
ငြှိုးနွမ်းချစ်ပန်း
လန်းဆန်းဖို့ရာ
အကြင်နာမိုးများ
သွန်းဖြိုးပေးပါ
မိုးစက်လေးရာ

အိုး...သခင်

နန်းတော်တခွင်

လှောင်ရယ်သံတွေ စွန့်ပြန့်သွားအောင်

ဟားတိုက်လို့ အားရအောင်

အော်ရယ်ပစ်လိုက်စမ်းပါသခင်

သခင့်ကို ချစ်တဲ့စိတ်နဲ့အရှုံးပေး

လည်စင်းခံနှလုံးသား ဒူးထောက်ကာ

ကျရှုံးရင်းက ဇီဝိန်ပင်ကြွေလင့်စေအုံးတော့

မြတ်နိုးစိတ်နဲ့တွယ်တာ ဒီဘဝမှာကြွေလွင့်

ဝိဥာဉ်ပင်ဖြစ်လင့်တစား.....

ကွယ်ပျောက်မသွားမဲ့ ကျွန်ုပ်လိပ်ပြာ

သခင့်ရဲ့ထံပါး ခစားနေအုံးမှာပါသခင်

ခစားနေအုံးမှာပါ။ ။

မာယာသခင်အတွက် ပျော်တော်ဆက်

(နတ်ဆိုး)

Football News

 

© Copyright ၀ါသနာရှင်များ၏ ကဗျာရွာ 2010 -2011 | Design by Herdiansyah Hamzah | Published by Borneo Templates | Powered by Blogger.com.